Sunday 31 July 2011

လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်

ဤကဲ့သို့အခက်အခဲ ကြုံတွေ့ရခြင်းတို့ ပပျော်စေနိုင်ရန် နည်းလမ်းနှစ်စုသာလျှင် ရှိကြောင်း။

ပထမတစ်ခုမှာ ပြည်သူတို့အားအစစ အရာရာ၌ လွတ်လပ်စွာဆောင်ရွက်နိုင်ခြင်း အခွင့်လုံးလုံးကိုလျှင်လည်း ချက်ချင်းပေးရမည်။ 

သို့တည်းမဟုတ်ပြည်သူတို့က ယုံကြည်အားထားသဖြင့် ကိုယ်စားလှယ်အဖြစ်နှင့် ရွေးကောက်တင်မြှောက်သော အမတ်များ၏ ကောင်စီ၌ ပြောသောစကားများကို အလွန်တရာအရေးကြီး၍ အစွမ်းထွက်သောအခါများမှတပါး ဗြူရိုကရေစီတို့က မပယ်မရှားဘဲ နာခံဆောင်ရွက်မည်ဟူသောစိတ်ထားအဓိဌာန်ရှိစေရမည် ဖြစ်ကြောင်း။

၎င်းပြင်အစိုးရတို့က ယခုကဲသို့ ကျင့်မူစီမံခြင်းသည် အိန္ဒိယထက်ဗြိတိသျှ၏အကျိုးကို လိုလားစောင့်ထိမ်းရန် ဆန္ဒရှိခြင်းကြောင့်ဖြစ်ပေသည်ဟုထင်ကြောင်းအကယ်၍ အင်္ဂလန်က အိန္ဒိယအား မိမိနိုင်ငံကို မိမိတို့အုပ်စိုးစေတော့ဟု အခွင့်လွတ်ခြင်းငှါ သမ္မာဆန္ဒရှိခဲ့ပါမူ ဧကန်မုချ အင်္ဂလန်သားတို့၏ အကျိုးသည် အိန္ဒိယပြည်အတွက် မည်မျှပင် နစ်နာသည်မှန်စေ ထိုနစ်နာခြင်း ကိုခံ၍ အိန္ဒိယပြည်အတွက် မည်မျှပင် နစ်နာသည်မှန်စေ ထိုနစ်နာခြင်းကိုခံ၍ အိန္ဒိယအားငြိမ်းချမ်းသက်သာခွင့်ကို ပေးတော့မည်ဟု စိတ်၌ ဆုံးဖြတ်ရန် သင့်သည်ဖြစ်ကြောင်း။ 

ယင်းသို့ ဆုံဖြတ်သော်လည်း အိန္ဒိယပြည်က မိမိအကျိုးကျေးဇူးအတွက် ဆောင်ရွက်တိုးတက်လာသမျှတိုင်းပင်လျှင်ဗြိတိသျှ အကျိုးဆုတ်ယုတ်လိမ့်မည် မဟုတ်ကြာင်း။

ဤနည်းနှစ်နည်းတို့အနက် တနည်းနည်းကိုမျှ မလိုက်ချေသော်အိန္ဒိယပြည်သည် (နေရှင်နယ်လစ်) ဟူသော ဝံသာနုအမျိုးသားဟု သတင်းတည်းရှိပေလိမ့်မည် ဖြစ်ကြောင်း။ 

ထိုကဲ့သို့ ဖြစ်ရှိခဲ့သော် စိတ်ကျေချမ်းနိုင်၍တိုင်းပြည်ရေးတွင် တဝက်တစိတ်မျှ စိတ်ဝင်စားသူ ၃၅-က်ုသော ဗိုလ်ခြေအပေါင်းတို့ကို အဘယ်ကဲ့သို့ ဗြိတိသျှ လူမျိုးတို့က အုပ်ချုပ်နိုင်လိမ့်မည်ဟုတွေးထင်မရကြောင်း။

No comments:

Post a Comment