Sunday 31 July 2011

ထိုးဆွပေးရုံသာ

မစ္စတာအိုင်းယားက ကောင်စီ၏စွမ်းဆောင်ခြင်း အကြောင်းနှင့်ပတ်သက်၍ ဆိုပြည်သည်မှာ ပြုပြင်ပြောင်းလဲအုပ်ချုပ်ရေးနှင့် ပတ်သက်၍အကျိုးထူးတခုသာလျှင် ရှိကြောင်း။

ထိုအကျိုးထူးသည်ကား ပြည်သူတို့သည် တိုင်းရေးပြည်ရေအတွက် နိုးကြားတက်ကြွအောင် ထိုးဆွပေးခြင်းသာလျှင်ဖြစ်ကြောင်း သို့ရာတွင် ထိုအုပ်စိုးခြင်း၏ စည်းကမ်းတို့သည် အလွန်ရှုပ်ထွေးလှသည် ဖြစ်သောကြောင့် စရိတ်စကကိုအလွန်တရာ မောက်ဖြိုးကုန်ကျသဖြင့်၊ အိန္ဒိယပြဘည်သူတို့ရှေးကထက် ဆင်းရဲ့ပင်ပန်းခြင်း ဖြစ်ရလေသည်ဖြစ်ကြောင်း၊ ထိုသို့ဆင်းရဲခြင်းဘာတို့ကို မည်ကဲ့သို့သုံးစွဲရမည်ဟု ပြောဆိုနိုင်ခွင့်မရှိခြင်း ကောင်စီ၏အစွမ်းကုန်သတ္တိမှာ အကြံပေးနိုင်ရုံမျှဖြစ်ခြင်း၊ ကောင်စီကိုဝင်သောအမတ်တို့က မိမိတို့အကြံပေးချက်ကို များသောအားဖြင့်အစိုးရတို့က လိုက်နာဆောင်ရွက်ကြလိမ့်မည်ဟု ထင်မှတ်ကြခြင်း၊ သို့အတွက်မကြာမီက တွေ့ရှိခဲ့ဖူးသော ကိစ္စတို့တွင် အမတ်တို့က ထိုအသုံးရန်ပုံငွေကိုသဘောတူ ခွင့်ပြုနိုင်ရုံသာဖြစ်၍ ထိုငွေကို ၎င်းတို့အလိုအတိုင်း သုံးစွဲလိမ့်မည်ဟု ကတိတစုံတရာ မရရှိဖြစ်ကြောင်းနှင့် ဆိုလေသည်။

ယင်းကဲ့သို့ဆိုခြင်းမှာ အိန္ဒိယဘုရင်ခံချုပ်သည် ကမ္ဘာတဝှမ်းလုံးအနှံ့အပြား သိကြားစေခြင်းအလို့ငှါမည်သို့ဆောင်ရွက်ပြုလုပ်မည်ဟုကတိ ထားသောစကားအတိုင်းသော်၎င်း၊ မော်ဒရိတ် ခေါ်အလိုတော်ရိများက ဘုရင်ခံချုပ်ကြီးအား ကိုးစားမျှော်လင့်သည့်အတိုင်းသော်၎င်း တစုံတရာဘုရင်ခံချုပ်ကြီးက ဆောင်ရွက်နိုင်ခြင်း မရှိဟုဆိုလိုသည်။

No comments:

Post a Comment