Sunday 31 July 2011

နှောင့်ယှက်မည့်အကြံ

ကောင်စီသို့နှောင့်ယှက်ရန် အလိုငှါ ဝင်ခြင်းမှာ မသင့်တော်ကြောင်းကို ဆရာတော်ကဖော်ပြပါ၏။ 

နှောင့်ယှက်ရန်အတွက် ကောင်စီသို့ ဝင်ရောက်ခြင်းသည် ဒိုင်အာခီကို လက်ခံ၍ အစိုးရကို ပူးပေါင်းကူညီရာ ရောက်သည်။

အစိုးရတို့နှင် ပူးပေါင်းကူညီခြင်းအတွက် ဒိုင်အာခီကို ထမြောက်အောင်ဆောင်ရွက်သောသူတို့မှာ ရံဖန်ရံခါတို့၌ပင် အစိုးရ၏ အလိုသို့မလိုက်ဘဲ ငြင်းဆန်ခုခံရလေသည်။

သို့မှ နှောင့်ယှက်ဝင်ရောက်လာသူတို့မှာ အစဉ်မပြတ် မိမိတို့ဘက် သဘောတူမဲဆန္ဒပေးမည့်အမတ်များရှိစေရမည်။ 

သို့ဖြစ်၍ အစိုးရတို့ဆောင်ရွက်လိုသော အလုပ်စည်းကမ်းများ အထမမြောက်နိုင်သမျှကာလပတ်လုံး မည်သည့်အခါမှ ထိုသို့နှောင့်ယှက်ရန် အကြံသည် အောင်မြင်နိုင်လိမ့်မည်မဟုတ်။

ဆရာတော်သည် ကောင်စီသို့ အနှောင့်အယှက် ဝင်ခြင်းအားဖြင့်အစိုးရတို့လုပ်ငန်းပျက်နိုင်ကြောင်းကို မမြင်။ သို့ရာတွင် နှောင့်ယှက်ခြင်း မစွမ်းနိုင်သည်ကိုကားဓိမြင်ရပေးသည်။ 

အစိုးရတို့ကို နှောင့်ယှက်ခြင်းငှါကောင်စီသို့ ဝင်ရန်အတွက် စိတ်ကူးဥာဏ်ကို စမ်းသပ်ဖို့ရာအမတ် ၁၀၃-ဦးရှိသောကောင်စီတွင် အနည်းဆုံးပြည်သူက ရွေးကောက်သောအမတ်-၆၀ မရနိုင်သမျှ ကာလပတ်လုံး မစဉ်းစားထိုက်ကြပေ။

ယခုခေါင်းဆောင်လူကြီးများက ခန့်မှန်းချက်အရ ကောင်စီတွင် အမတ်နေရာပေါင်း ၄၀-ထက် ပိုမရနိုင်ကြောင်း။ 

တောကျေလက် ဇနပုဒ် များ၌ ဝံသာနုအသင်းတို့က မည်မျှပင် အောင်မြင်ရှိကြသည်ဖြစ်စေ မြို့များတွင် အစိုးရအရာရှိတို့၏ သြဇာဖုံးလွှမ်းပေလိမ့်မည်။ 

အကယ်၍ ဝံသာနုတို့က ရွှေးကောက်ပွဲ ဝင်နွဲအောင်မြင်ကြသည်ဖြစ် ငွေအမြောက်အမြား ကုန်ကြပေလိမ့်မည်။ 

သို့သော်လည်း ဝံသာနုတို့နှင့် အတိုက်အခံပြုလုပ်မည့်သူများမှာ သာ၍ပင် ငွေကြေးအင်အားများလှပေသည်။ ယင်သို့ တပြီးကား ကောင်စီအတွင်းသို့ဝင်၍ နှောင့်ယှက်မည်ဟူသော အကြံသည် မည်သည့်နည်းနှင့်မျှ အထမြောက် အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းအချက်များကိုစဉ်းစား၍ ကောင်စီအတွင်းသို့ ဝင်ရောက်နှောင့်ယှက်ရန် အကြံပေးသောပုဂ္ဂိုလ်တို့သည် ထိုသို့အကြံဖြင့်၊ အစိုးရတို့၏ နည်းစနစ်ကို ပြောင်းလွဲစေနိုင်မည်ဟု အယူရှိခြင်းသည် မိမိတို့စိတ်ကို မိမိတို့လှည့်စားဖြားယေင်းရာလည်း ကျသည်။

ပြည်သူအများတို့အား လမ်းလွဲလမ်းမှားသို့ညွန်ပြရာလည်းဖြစ်ပေသည်။ 

ကောင်စီဝင်လိုသော သူတို့သည်ဝင်ကြပေ။ 

သို့သော်လည်းထိုကောင်စီသို့ဝင်၍ အနှောင့်အယှက်ပြုလုပ်ပြီးလျှင် အစိုးရ၏အယူဝါဒကို ပြောင်းလွဲစေနိုင်မည်ဟုသော အယူဝါဒဖြင့် မဝင်ထိုက်ကြပေ။

အကြောင်းကိုဆိုသော် ထိုသူတို့သည် ကောင်စီအတွင်းသို့ဝင်ရောက် ဆောင်ရွက်သောအခါမှ အများသူတို့၏ ရယ်ဖွယ်ဖြစ်လိမ့်မည်။

အချို့သောမိတ်ဆွေတို့က မစ္စတာဘိလပ်၏ နည်းအတိုင်း ဝင်ရောက် ဆောင်ရွက်ကြရန် အကြံပေးလေသည်။

ထိုနည်းအတိုင်း အစိုးရတို့ကပြည်သူ့အလိုသို့ လိုက်ပါသင့်သောအခါမှ အမတ်တို့က လိုက်ပါကူညီ၍ အလိုမတူသောအခါ အတင်းခုခံငြင်းဆန်ရမည်ဟု အကြံပေးမည်။

ဤအတိုင်းပြုလုပ်သော်လည်း ထိုအကြံသည် အောင်မြင်နိုင်မည်မဟုတ်ချေ။
ဧကန်ပျက်ပြယ်ကြပေလိမ့်မည်။

ဒိုင်အာခီသည် နည်းသစ်မဟုတ်ပေ ထိုနည်းကို အခြားခရိုင်နယ်များ၌ စမ်းသပ်ခဲ့ဖူးလေပြီး။

အစိုးရတို့သည် ပြည်သူအလိုသို့မလိုက်ဘဲဖိနှိပ်ခြင်းနှင့် ကြိုးကြိမ်အာဏာကို ပြုခြင်းများလှသဖြင့် မော်ဒရိတ်ခေါ်အစိုးရနှင့် ပူးပေါင်းလိုသော အလိုတော်ရိတို့ပင်လျှင် မခံမရပ်နိုင်အောင် ရှိခဲ့ကြရလေသည်။

အိန္ဒိယမင်းတိုင်ပင်ကောင်စီအဖွဲ့များ၌ အဆိုခြေနှင့်တကွ ပြောဆိုကြသောအချက်များကို စဉ်းစားကြသော် အသေးအဖွဲ့ဖြစ်သော အချက်များမှတပါး အခြားသောအရေးကိစ္စတို့၌ ပြည်သူဘက်က ဆောင်ရွက်သောအမတ်တို့က တစုံတရာအခွင့်သာခဲ့ဖူးသည် မရှိကြောင်း တွေ့ကြရပေလိမ့်မည်။ 

များမကြာမီက မစ္စတာရှပ်စတရီ အိုင်ယား ပြောဆိုသောစကားမှာဒိုင်အာခီကို နှစ်သက်လိုလားသောသူတို့သည် ယခုအခါ ထိုင်ဒိုင်အာခီကောင်စီ၌ဝင်၍ ပြည်သူအကျိုးအတွက် တစုံတရာဆောင်ရွက်နိုင်ခြင်း အခွင့်မရ၍ များစွာစိတ်ပျက်လက်လျှော့ရကြောင်း။ 

ထိုသို့ပြည်အကျိုးအတွက် မဆောင်ရွက်နိုင်ခြင်းမှာလည်း ဗြူရိုကရေစီတို့၏ စိတ်သဘော အနေအထားနှင့် အထင်အမြင်လည်း ဗြူရိုကရေစီတို့၏ စိတ်သဘော အနေအထားနှင့်အထင်အမြင်သည် တစုံတရာပြောင်းလဲခြင်း မရှိသေးသောကြောင့်ဟု ဆိုသည်။

No comments:

Post a Comment